top of page

Contact

ကံ​မော်ကြီး ပ​လောက်မြို့, 14026, Myanmar (Burma)

0166748275

Thanks for submitting!

Subscribe Form

Thanks for submitting!

Buddhist Monk Lighting Candles

Welcome to ဗုဒ္ဓ အဆုံးမများ

Naturally Curious

Welcome to ဗုဒ္ဓ အဆုံးမများ, a unique blog here for you to explore. ဗုဒ္ဓ အဆုံးမများ has added such value to my life, and I love having the opportunity to share my passions and thoughts with my loyal readers. Read on, and enjoy.

Explore
Search

မြတ်စွာဘုရား၏ ကိုယ်ရေးရာဇဝင် အထ္ထုပ္ပတ္တိအကျဥ်း

  • Writer: AYE TUN
    AYE TUN
  • Jul 31, 2021
  • 3 min read

*အမည်- (သိဒ္ဓတ္ထ) ဂေါတမ *ခမည်းတော် – သုဒ္ဓေါဒန ဂေါတမ မင်းကြီး

*မယ်တော် – မိဖုရား မဟာ မာယာ (မွေးဖွားပြီး ခုနှစ်ရက်အကြာတွင်သေဆုံးသည်)

*လူမျိုးစု – ခတ္တိယ

*မိထွေးတော် – မဟာပဇာပတိ ဂေါတမီ

*မွေးဖွားသည့်ရက် – ခရစ်မပေါ်မီ ၆၂၃ ခု၊ မေလ ၊ သောကြာနေ့ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့

*မွေးဖွားသည့်ဒေသ – လုမ္ဗိနီအင်ကြင်းဥယျာဉ်၊ ကပိလဝတ်ပြည်

*မွေးဖွားသည့်တိုင်းပြည် – အိန္ဒိယ (ယခု နီပေါနိုင်ငံ) မဇ္ဈိမဒေသ

*မွေးဖွားသည့်နေရာရှိအပင် – အင်ကြင်းပင်

*ပထမဦးဆုံးပြောသည့်စကား – “ငါသည် တလောကလုံးထက်မြတ်၏”

*ဖွားဖက်တော် ခုနှစ်ဦး- ယသော်ဓရာမင်းသမီး၊ ညီတော်အာနန္ဓာ၊ ကာဠုဒါယီအမတ်လောင်း၊ ဆန္နအမတ် လောင်း၊ ကဏ္ဍကမြင်း၊ ရွေအိုးကြီးလေးလုံး၊ ဗောဓိပင်

*အိမ်ထောင်ပြုသည့်အသက် – ၁၆ နှစ်

*ဇနီး – ယသော်ဓရာ မင်းသမီး (ဝမ်းကွဲနှမ)

*သားတော် – ရာဟုလာ

*ယောက္ခမတော်များ – သုပ္ပဗုဒ္ဓမင်းကြီး (ဒေဝဒဟပြည်မင်းကြီး)၊မိဖုရား အမိတ္တာ(သုဒ္ဓေါဒန မင်းကြီး၏ အမတော်)

*ယောက်ဖတော် – ဒေဝဒတ် (ညီအကိုဝမ်းကွဲ)

*ကောဏ္ဍညပုဏ္ဏားပြောသည့်စကား – “အရှင်သားတော်သည် တောထွက်၍ ဘုရားဧကန်ဖြစ်လိမ့်မည်”

*နမိတ်ကြီးလေးပါး – သူအို၊သူနာ၊သူသေ၊ရဟန်း

*သားတော်မွေးဖွားပြီးပြောသည့်စကား – “ရာဟုဖမ်းပြီ၊အနှောင်အဖွဲ့ဖြစ်ပြီ”

*တောထွက်သည့်အသက် – ၂၉နှစ်၊(အိမ်ထောင်ပြုပြီး ၁၃ နှစ်အကြာ)

*တောထွက်သည့်အချိန် – ခရစ်မပေါ်မီ ၅၉၄ ခု၊ ဇူလိုင်လ၊ တနင်္လာနေ့ (ညလယ်)၊မဟာသက္ကရာဇ် ၉၇ ခု၊ ဝါဆိုလပြည့်နေ့

*မြင်းရထားမောင်းသူ – ဆန္နအမတ်

*တော်ဝင်မြင်းအမည် – ကဏ္ဍက (သခင်နဲ့ခွဲပြီးနောက်သေဆုံးသွားသည်)

*ဖြတ်သွားသည့်မြစ် – အနော်မာ

*သွားသည့်နေရာ – ဥရုဝေလတော

*ဘုရားလောင်းအားနောက်ဆုံးဆွမ်းကပ်သူ – သုဇာတာ ဃနနို့ဆွမ်း( ၄၉ လုပ်မျှသာ)

*ဘုရားလောင်းအားမြက်လှူဒါန်းသူ- သောတ္ထိယ မြက်ရိတ်သမားမှမြက်ရှစ်ဆုပ်လှူဒါန်းသည်

*ကျင့်ကြံမှု – မဇ္ဈိမ ပဋ္ဋိပဒါလမ်းစဉ်၊ ဝင်လေထွက်လေကို ရှုမှတ်ခြင်း

*နေရာ – အိန္ဒယနိုင်ငံ၊ ဘီဟာနယ်တွင်ရှိသော ဗုဒ္ဓဂါယာ –

*အမှီပြုသည့်အပင် – ဗောဓိပင်

*ဘုရားဖြစ်သည့်အသက် – ၃၅ နှစ်

*ဘုရားဖြစ်သည့်နေ့ – ခရစ်မပေါ်မီ ၅၈၈၊မေလ၊ ဗုဒ္ဓဟူးနေ့၊မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့

*တရားဦးဟောသည့်နေရာ – သမင်ခြံ၊ မိဂဒါဝုန်တော၊ တရားဦးဟောသည့်အချိန် – စနေနေ့၊ ဇူလိုင်လ၊ ခရစ်မပေါ်မီ ၅၈၈ မဟာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်နေ့

*ဟောသည့်တရားဦး – ဓမ္မစကြာလက္ခဏသုတ် ပထမဆုံးသံဃာငါးဦး – အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပံ၊ အရှင်ဘဒ္ဓိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ

*အမျိုးသားဓမ္မသေနာပတိ- ရှင်သာရိပုတ္တရာမထေရ် (ဥပတိဿ)၊ လက်ယာရံ။ *ရှင်မောဂ္ဂလာန် မထေရ်(ကောလိတ)၊ လက်ဝဲရံ

*အမျိုးသမီးဓမ္မသေနာပတိ – ခေမာ ထေရီ၊ လက်ယာရံ (ဗိမ္ဗိသာရမင်းကြီး၏မိဖုရား)။ ဥပ္ပလဝဏ် ထေရီ ၊လက်ဝဲရံ

*ဘုရားရှင်အားနောက်ဆုံးဆွမ်းကပ်သူ – စုန္ဒ (ဝက်ပျိုသားဆွမ်း)

*ရောဂါ – သွေးဝမ်းသွားရောဂါ

*သက်တော် – ၈၀ နှစ်

*ဝါတော် – ၄၅ ဝါ

*ပရိနိဗ္ဗာန်ပြုသည့် အပင် – အင်ကြင်းပင်နှစ်ပင်ကြား

*ပရိနိဗ္ဗာန်ပြုသည့်နေရာ – အင်ကြင်းဥယျာဉ်၊ ကုသိနာရုံပြည် (ယခု ဥတရာပတ်၊ အိန္ဒိယနိုင်ငံ)

*ဗုဒ္ဓ၏ နောက်ဆုံးသာဝက – သုဘဒ္ဒ မထေရ်

*ဗုဒ္ဓ၏ နောက်ဆုံးစကား – “ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောရှိကြသည်။ ……..သင်ချစ်သားတို့ မမေ့မလျော့သောသတိတရားတို့ဖြင့် အားထုတ်ကြကုန်လော့” …………( အပ္ပမာဒေန သမ္မာဒေထ )……….

*ပရိနိဗ္ဗာန်ပြုသည့်အချိန် – ခရစ်မပေါ်မီ ၅၄၃ ခု၊ မေလ၊ အင်္ဂါနေ့ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်နေ့

…….ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့ရလေသည်။

*သုမေဓာရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်သော်လည်း သြဃလေးဖြာသံသရာ၌ နစ်မွန်းပျော်ပါးကုန်သော ဝေနေယျသတ္တဝါ အပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။

*ပါရမီ(၃)မျိုး၊

*သုမေဓာရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင် များစွာသော ဘဝတို့၌…

၁။ ရွှေ၊ ငွေ၊ မြင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနပါရမီ)၊ ၂။ ခြေ၊ လက်၊ နား နှာခေါင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနဥပပါရမီ)၊ ၃။ ကိုယ့်အသက်ကို လှူခြင်း၊ (ဒါနပရမတ္ထပါရမီ)၊ အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

စွန့်ခြင်းကြီး(၅)ပါး၊

ထို့အပြင် အလွန်စွန့်နိုင်ခဲစွာသော… ၁။ ပဒေသရာဇ် ဧကရာဇ် စကြမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာတို့ကို စွန့်ခြင်း၊ (ဓနပရိစ္စာဂ)၊ ၂။ သားသမီးတို့ကို စွန့်ခြင်း၊ (ပုတ္တပရိစ္စာဂ)၊ ၃။ မယားကို စွန့်ခြင်း၊ (ဘရိယပရိစ္စာဂ)၊ ၄။ ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊ (အင်္ဂပရိစ္စာဂ)၊ ၅။ ကိုယ့်အသက်ကို စွန့်ခြင်း၊ (ဇီဝိတ ပရိစ္စာဂ)၊ ဟု ဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။

စရိယ(၃)ပါး၊ ၁။ လောကတ္ထစရိယ =လောကလူသား သတ္တဝါများအတွက် ကျင့်တော်မူခြင်း။ ၂။ ဉာကတ္ထစရိယ =ဆွေမျိုးသားချင်းများအတွက် ကျင့်တော်မူခြင်း။ ၃။ ဗုဒ္ဓတ္ထစရိယ =သဗ္ဗညုတဉာဏ်တော်အတွက် ကျင့်တော်မူခြင်း။ ဟူသော စရိယသုံးပါးကိုလည်း ကျင့်တော်မူခဲ့လေသည်။

…..ဤသို့ ဘဝများစွာ သံသရာ ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောကဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်။

……နတ်သား ဖြစ်စဉ် စကြဝဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က “ဘုရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ” ဟု ဘုရားအလောင်းတော်ကို တောင်းပန်တော်မူလေသည်။

……ကြည့်ခြင်းကြီး(၅)ပါး၊

သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်… ၁။ ကာလ = ဘုရားဖြစ်ရာ အချိန်ကာလ၊ ၂။ ဒီပ = ဘုရားဖြစ်ရာ ကျွန်းအရပ်၊ ၃။ ဒေသ = ဘုရားဖြစ်ရာ အရပ်ဒေသ၊ ၄။ ကုသလ = ဘုရားဖြစ်ရာ အမျိုးအနွယ်၊ ၅။ မာတုအာယုပရိစ္ဆေဒ = ဘုရားအလောင်းတော်၏ မယ်တော် ဖြစ်မည့် သူ၏သက်တမ်း အပိုင်းအခြား၊ ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှု့တော်မူလေသည်။

ယင်းသို့ ကြည့်ရှု့တော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် (၆၇)ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာ ဒေဝီမိဖုရားကြီး မယ်တော်မာယာဒေဝီ ဝမ်း၌ ပဋိသန္ဓေ တည်နေလေသည်။

……….ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေဝဒဟပြည် နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင် တော်မူလေသည်။

…..ဘုရားအလောင်းတော်သည် (၁၆)နှစ် အရွယ်ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြား လက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။

….ကပိလဝတ်နဲ့ ဒေဝဒဟ နှစ်ပြည်ထောင်သာကီဝင်မင်းတို့ဟာ ဘိုးစဉ်ဘောင်ဆက် ကတည်းက မောင်လှယ်နှမလှယ် ရွှေလမ်းငွေလမ်း ဖောက်ခဲ့ကြပါတယ်..။

…… ကပိလဝတ်ပြည့်ရှင်-ဇေယျသနမင်းရဲ့သားတော် သီဟဟနုနဲ့ ဒေဝဒဟပြည့်ရှင် ဥက္ကာသက္ကမင်းရဲ့သမီးတော်-ကဉ္စနာမင်းသမီးတို့ လက်ဆက်လိုက်တဲ့အခါ သုဒ္ဓေါဒန၊ အမိတောဒန၊ ဓေါတောဒန၊သက္ကောဒန၊ သုက္ကောဒနဆိုပြီး သား(၅ယောက်၊ အမိတာနဲ့ ပါလိတာဆိုပြီး သမီး(၂)ယောက် မွေးဖွားခဲ့ပါတယ်..။

ဒါက သုဒ္ဓေါဒနတို့ ဘက်ကမိသားစုပါ..။

ဒဝဒဟပြည့်ရှင် ဥက္ကာသက္ကမင်းရဲ့သားတော် အဉ္စနာမင်းသားနဲ့ ကပိလဝတ်ပြည့်ရှင် ဇေယျသနမင်းရဲ့သမီးတော် ယသောဓရာ (ဘဒ္ဒကဉ္စနာယသောဓရာ ရဲ့အဖွားလေးတော်စပ်ပါတယ်..) တို့ လက်ဆက်လိုက်တဲ့အခါ သုပ္ပဗုဒ္ဓနဲ့ ဒဏ္ဍပါဏီဆိုပြီး သား(၂)ယောက်၊ သီရိမဟာမာယာဒေဝီနဲ့ ပဇာပတိဂေါတမီဆိုပြီး သမီး(၂)ယောက် မွေးဖွားခဲ့ပါတယ်..။ ဒါက မယ်တော်မာယာ တို့ဘက်က မိသားစုပေါ့..။

သီဟဟနုရဲ့သားတော် သုဒ္ဓေါဒနနဲ့ အဉ္စနာမင်းရဲ့ သမီးတော်နှစ်ပါးဖြစ်တဲ့ သီရိမဟာမာယာဒေဝီနဲ့ ပဇာပတိဂေါတမီတို့ လက်ဆက်လိုက်တဲ့အခါ သီရိမဟာမာယာဒေဝီက ဘုရားလောင်းသိဒ္ဓတ္ထမင်းသားနဲ့ ပဇာပတိဂေါတမီက ရူပနန္ဒာမင်းသမီးနဲ့နန္ဒမင်းသားတို့ကို အသီးသီးမွေးဖွားခဲ့ပါတယ်..။

…နောက်တစ်ခါ သီဟဟနုမင်းရဲ့ သမီးတော် အမိတာနဲ့ အဉ္စနာမင်းရဲ့သားတော် သုပ္ပဗုဒ္ဓတို့ လက်ဆက်ရာမှာ သမီးတော် ဘဒ္ဒကဉ္စနာယသောဓရာ နဲ့ သားတော် ဒေဝဒတ် တို့ကိုမွေးဖွားခဲ့ပါတယ်..။

ဘုရားလောင်းသိဒ္ဓတ္ထမင်းသားနဲ့ ဘဒ္ဒကဉ္စနာယသောဓရာတို့လက်ဆက်လိုက်တဲ့ အခါ သားတော်ရာဟုလာလေးကို မွေးဖွားခဲ့ပါတယ်..။

…..၂၉နှစ်အရွယ် ရောက်သောအခါ (သူအို၊ သူနာ၊ သူသေ၊ ရဟန်း)ဟူသော နိမတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။

…………ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် (၆)နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။

ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီးလှူဒါန်းအပ်သော နို့ဃနာ ဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။

…..သောတ္ထိယငစင် မြက်ထမ်းသမား (မြက်ထမ်းလုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအ လောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။

…ဘုရားအလောင်းတော်သည် သောတ္ထိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သော အခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။

………(ထိုမြက်တို့ သည် မြက်အသွင်သဏ္ဍန်ဖြင့် မတည်ကြကုန်)။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူလေသည်။

….. ( ပု ) ( ဒိ ) ( အာ ) ဟုဆိုအပ်သော …..။

….. ( ပု )ညဉ့်ဦးယံ၌ ရှေးက ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့သိတတ် သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။

….. ( ဒိ ) သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော ဉာဏ်မျက်စိဖြင့် စုတေခါနီးသော သတ္တဝါစသည်တို့ကို မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူလေသည်။

…..( အာ )မိုးသောက်ယံ၌ အာသဝေါတရားလေးပါး တို့၏ ကုန်ခြင်းကို ပြုတတ်သော (အာသဝက္ခယဉာဏ်)ကို ရတော်မူလေသည်။ .

….အသက်(၃၅)နှစ် အရွယ်၊ မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ မိုးသောက်ယံဝယ် လောကသုံး ပါးတွင် အတုမရှိသော သဗ္ဗညုတ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူလေသည်။

သုံးလူ့သခင် သဗ္ဗညုတဘုရားရှင်သည် (၄၅)ဝါ ကာလပတ်လုံး ဝေနေယျတို့အား ဓမ္မစကြာစသည့် တရားဓမ္မတို့ကို ဟောပြတော်မူကာ နတ်ဗြဟ္မာသတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။

….. (၄၅)ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုတ ဘုရားရှင်သည် သက်တော်(၈၀) အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူလေသည်……….။

 
 
 

Recent Posts

See All
အရိမေတ္တယျ မြတ်စွာဘုရား ဗုဒ္ဓဝင်အကြောင်းအရာ

အရိမေတ္တေယျမြတ်စွာဘုရားဗုဒ္ဓဝင်အကြောင်းအရာလေးပါ…ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန်...

 
 
 
ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်

ဂေါတမ ဘုရားအလောင်းတော်သည်ဤ ဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည် ရှိသော် လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ဖြစ်ခဲ့လေသည်။...

 
 
 

Comentários


Post: Blog2_Post
Post: Welcome
Post: Subscribe
Post: Contact

About The Blog

For years, I have served as a helpful role to those seeking inspiration, help, or advice. In 2000, I finally decided to own that role and be intentional about it. I started writing about my passions, my thoughts, and curious wonderings about our society. I founded ဗုဒ္ဓ အဆုံးမများ with a mission to give others a taste of what goes on in my mind, and it has been a wild success ever since.

Contact Me
Buddhist Monks in Orange
Post: About
Video Channel

Video Channel

All Categories

Morning Rush

Into the Blue

Beach Patrol

Post: Video Player

Subscribe Form

Thanks for submitting!

0166748275

  • Facebook
  • Twitter
  • LinkedIn

©2021 by ဗုဒ္ဓ အဆုံးမများ. Proudly created with Wix.com

bottom of page